( သားတို့ ..ရဲဘော်တွေ .. မင်းတို့ နားထောင်ပေး ...
အရာရှိတွေလည်း ... မင်းတို့ စက်တွေကို အကျယ်ဆုံး ဖွင့်ထားပေးထား ...
အခု မင်းတို့ရဲ့ စွမ်းဆောင်ချက်တွေကို တပ်မတော်အကြီး
အကဲတွေကိုယ်တိုင် ..အသိအမှတ်ပြုတယ် ...
အခုတိုက်ပွဲကိုလည်း အကြီးအကဲတွေကိုယ်တိုင်
စိတ်ဝင်တစား တိုက်ရိုက် စောင့်ကြည့်နေကြတယ် ...
မင်းတို့ကိုလည်း ဒီအောင်ပွဲကို ရယူပေးနိုင်မယ် လို့
ယုံကြည်ကြောင်း အောက်ခြေအဆင့်ထိ ပြောပြပေးဖို့ ငါ့ကို အခုပဲ ဖုန်းဆက်တယ် ...
ဒါ့ကြောင့် မင်းတို့ လုပ်ပြစမ်း ... လုပ်ပြစမ်း ..
လုပ်နိုင်တယ် ... မင်းတို့ လုပ်နိုင်တယ် .... မင်းတို့ကို
ငါယုံတယ် ..) စက်ထဲတွင် တပ်မမှူးအသံက အတိုင်းသား ..
(ကောင်းမြတ် ... လုပ်ပြစမ်း .. မင်း လုပ်ပြစမ်း )
ကောင်းမြတ်ဆိုသည်မှာ ခမရ-၁၀၉ ၏
တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးကောင်းမြတ်
( ယခု တဆရ-၂/၁၀၀၀) ဖြစ်သူကို အားပေးနေခြင်းဖြစ်ပါ
သည် ...
၉၉ တပ်မမှူးသည် ရှေ့တန်းကျကျ တိုက်ပွဲဝင်နေသော သူ၏ သားတော်မောင်များအား စက်ထဲတွင် အားပေးကြုံးဝါးသံက ကြားက ကြားရသူ ကျနော်တို့ပင် ကြက်သီးမွှေးညှင်း ထစေသည် ....